Powered By Blogger

Friday, December 31, 2010

2011 NEW YEAR WISH FROM OUR COUNTRY LEADER DAW AUNG SAN SU KYI

AS A MORAL RECORD OF DAW AUNG SAN SU KYI WISH 2011 TO EVERYBODY

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ နှုတ်ခွန်းဆက်သ၀ဏ်လွှာ

by Lu Cifer on Saturday, January 1, 2011 at 11:43am
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။
ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါသည်..။
ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အထူးတလည် ဖော်ပြအပ်ပါသည်..။
အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်။


ရက်စွဲ ၁-၁-၂၀၁၁
ဒီမိုကရေစီရေး မုချအောင်ရမည်
အောင်ဆန်းစုကြည်

http://moemaka.com/index.php?option=com_content&task=view&id=7936&Itemid=1%EF%BB%BF

No comments:

Post a Comment