Powered By Blogger

Saturday, December 4, 2010

A May !! ( Kabar Soe Min )

အမေ

မေ...
နေကောင်းပါရဲ့လား မေ...

ခြံနံပတ် ၅၄ ကို
မေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ မေ...
ရှိပါတယ်မေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ မေ
ဇာတိမြေကို လည်ပတ်ပြန်တိုင်း
ရင်တိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့ရေးတွက်) ဒို့ရေး ဒို့ရေးနဲ့
နယူးယောက်ကနေ
မေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
မေ့ပါတီလည်း ရှိပါသေးတယ် မေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
ရင်လို ခမ်းခမ်းနားနားပါပဲ မေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်မေ...
Uီးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒ်က်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက နှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် မေ
ဘာပဲပြောပြော မေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်Uီးလောက်တော့
ဘယ်သူမှ လုပ်မများဘူးလေ
မေ
မေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ီလက်ထရောနစ်Uပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
ပြောင်းလဲတွေကတော့
များကြီးပေါမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး မေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
မေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ မေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
ဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ သိနောက်ကျခဲ့ပါတယ် မေ
မေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
စည်းဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် မေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
ရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
ဲဒီနေ့ကိုပါမေ
ကျွန်တော်လဲသွားရင် မေထူပေးပါ
မေားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့ားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)

No comments:

Post a Comment